ပြည်နယ်တရားသူကြီးချုပ်ဦးမြတ်စံသည် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ၎င်းသည် တရားသူကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီက ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ ချင်းပြည်နယ်တရားရေးဦးစီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံကို ၁၉၆၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်းရွာတွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှရရှိခဲ့သည်။ တရားရေးဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၉၂ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ရာမှ အဆင့်ဆင့်ရာထူးတိုးမြှင့်ခံခဲ့ရပြီး ချင်းပြည်နယ်တရားရေးဦးစီးမှူးအဆင့်ထိ တရားရေးဝန်ထမ်း လုပ်သက်(၃၄)နှစ်တိတိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပါသည်။