ချင်းပြည်နယ်တရားလွှတ်တော်၊ ဟားခါးခရိုင်တရားရုံးနှင့် ဟားခါးမြို့နယ်တရားရုံးရှိ အရာထမ်းအမှုထမ်းများအား ဆန် (၈)ပြည်နှင့် ဆီ (၁)ပိဿာစီ ထောက်ပံ့သည့်အခမ်းအနားအား ၄-၉-၂၀၂၆ ရက်နေ့ ချင်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး၊ ပြည်နယ်တရားသူကြီးချုပ် ဦးမြတ်စံ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ထိုအခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နှင်းကေသီဝင်းတို့နှင့်အတူ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးဝန်ထမ်းများ တက်ရောက်ချီးမြှင့်ကြကြောင်း သတင်းရရှိပါသည်။