ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးကျော်သောင်းအောင်အား ၂၀၂၆ ခုနှစ် မတ်လ(၁၁)ရက်နေ့မှစ၍ တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးကျော်သောင်းအောင်ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပါသည်။ ဦးကျော်သောင်းအောင်သည် ၁၉၉၃ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့် - ၄ အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးကျော်သောင်းအောင်သည် တရားရေးအရာရှိရာထူးအဆင့်ဆင့်ကို ၃၃ နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်တရားရေးဦးစီးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပါသည်။