တရားလွှတ်တော်

ဒေါ်နှင်းကေသီဝင်း

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နှင်းကေသီဝင်းအား ၂၀၂၆ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၅၆/၂၀၂၆ အရ  ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နှင်းကေသီဝင်းကို ၁၉၇၀ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ဒေါ်နှင်းကေသီဝင်းသည် ၁၉၉၄ ခုနှစ်၊ မတ်လတွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ LL.B(Q) ကို ရရှိခဲ့ပါသည်။ ဒေါ်နှင်းကေသီဝင်းသည် ၁၉၉၆ ခုနှစ်၊ မေလတွင် တရားရေးအရာရှိအဆင့် - ၄ အဖြစ် စတင်တာဝန်ဆောင်ရွက်ခဲ့ပါသည်။ ဒေါ်နှင်းကေသီဝင်းသည် တရားရေးအရာရှိရာထူးအဆင့်ဆင့်ကို ၃၀ နှစ်တိုင် ဆောင်ရွက်ခဲ့ပြီး သထုံခရိုင်တရားသူကြီးတာဝန်ကို ၂၀၂၆ ခုနှစ်၊ မေလအထိ ဆောင်ရွက်ခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူး(တရားစီရင်ရေး)တာဝန်ကို ချင်းပြည်နယ်တရားလွှတ်တော်တွင် ၅-၆-၂၀၂၆ ရက်နေ့အထိ တရားရေးအရာရှိအဆင့် (၁) တာဝန်များကိုဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည်အိမ်ထောင်ရှိသူဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ