ဟားခါး- ဇန်နဝါရီ ၈
ချင်းပြည်နယ်တရားလွှတ်တော်တရားကြီး ဦးမြင့်သိန်းထွန်းသည် ချင်းပြည်နယ်တရားရေးဦးစီးမှူး ဦးသောင်းထွေး၊ ချင်းပြည်နယ်တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်လင်းသန့်၊ ဟားခါးခရိုင်တရားသူကြီး
ဒေါ်မန်ဟောက်နျန်၊ ဟားခါးမြို့နယ်တရားသူကြီး ဦးလွင်ညီထွေးတို့လိုက်ပါလျက် ယနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ-၆၈ အရ ဟားခါးမြို့မရဲတပ်ဖွဲ့အချုပ်စခန်းအား သွားရောက် ကြည့်ရှုစစ်ခဲ့ပြီး၊ အချုပ်တရားခံများအား ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများရရှိခြင်း ရှိ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိခြင်းရှိ မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံလုံလောက်မှု ရှိ မရှိ၊ အမျိုးသမီးအချုပ်တရားခံ များအား သီးသန့်အချုပ်ခန်း အကာအရံဖြင့် လုံခြုံမှုရှိ မရှိ၊ ကလေးသူငယ် အကျဉ်းသားတရားခံများရှိ မရှိ အခြေအနေတို့ကို တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို ညှိနှိုင်းအကြံပြုခဲ့ပါသည်။