သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်အလက်များအား Zoom Application အသုံးပြု၍ ရှင်းလင်းပြောကြား
Post Image Post Image Post Image

ဟားခါး ၂၅ ဖေဖော်ဝါရီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များအား ချင်းပြည်နယ်တရားသူကြီးချုပ်က Zoom Application အသုံးပြု၍ ရှင်းလင်း ပြောကြားခြင်းအခမ်းအနားကို ချင်းပြည်နယ်တရားလွှတ်တော်၌ ယနေ့ နံနက် ၁၁:၀၀နာရီ အချိန်တွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးဝန်ထမ်းများနှင့် ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်အလက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ