ချင်းပြည်နယ်တရားလွှတ်တော် ဝန်ထမ်းများအား မိုးတွင်းရိက္ခာနှင့် ဝန်ထမ်းသားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ခြင်း အခမ်းအနားကို ၁၀-၆-၂၀၂၂ ရက်နေ့ ချင်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးနေစိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်မန်ဟောက်နျန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးမြင့်ဟန်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဦးအောင်မြင့်နှင့် တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ၊ ဟားခါးခရိုင်နှင့်မြို့နယ်တရားရုံး အရာထမ်း/အမှုထမ်းများ တက်ရောက်တက်ရောက်ကြပြီး ပြည်နယ်တရားသူကြီးချုပ်က အမှာစကား ပြေားကြားခဲ့ပါသည်။
ချင်းပြည်နယ်တရားလွှတ်တော်နှင့် ဟားခါးခရိုင်/မြို့နယ်တရားရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မိုးတွင်းရိက္ခာများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် မိုးကာအင်္ကျီများ၊ ဝန်ထမ်းသားသမီးများအား ဗလာာအုပ်၊ လွယ်အိတ်၊ ဘောပင်၊ ခဲတံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ပါသည်။